မင်္ဂလာပါဗျာ အောင်ကျော်အိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်
မြတ်စွာဘုရားပုံတော်လေး
Photobucket
aungkyaweain.blogspot.com သည် မြတ်စွာဘုရား၏အရိပ်အောက်တွင်ရှိသောကြောင့်ရောက်လာသူအပေါင်းကျန်းမာချမ်းသာကျပါစေ
Sunday, December 16, 2012
Wechat ဆိုတာလေးကလည်း စွယ်စုံရတယ် ( ချစ်သူရှိရင် ပိုကောင်းတယ်ဗျို့ )
ဒီဆော့ဝဲလေးကတော့ ဖုန်းထဲမှာသုံးဖို့ ပါ ။ အပြန်အလှန် စာတွေ ၊ ပုံတွေ ၊ ဗီဒီယိုဖိုင်၊
လွယ်ကူစေတဲ့ ဆော့ဝဲပါ.။တဖက်လူက မအားတဲ့အခါ ကိုယ်ပြောချင်တဲ့ စကားလေး
ပို့ လိုက်လို့ ရတယ် ။ ဗီဒီယိုလည်း ရိုက်ပြီး ပို့ လို့ ရပါတယ် ။ အသံဖိုင်ပို့ တာကလည်း
စကားပြောစက်လိုပဲ  ခလုပ်လေးဖိဖိပြီး ပြောရတာ ။ ဝေါ်ကီတော်ကီ လေးလိုပဲနော်
ချက်တဲ့အခါသုံးတဲ့ ပုံလေးတွေက  ဘဲလေးတွေ  ၀က်ဝံလေးတွေ ကြောင်လေးတွေ
ပန်းလေးတွေဆိုတော့  ချစ်သူ2ဦး ဒီဆော့ဝဲလေးနဲ့   အပြန်အလှန် ချက်တင်လုပ်ဖို့ 
မအားတဲ့အခါ  သတိရကြောင်း  လွမ်းကြောင်း  အသံလေးပို့ ထားဖို့  များ   သီးသန့် 
လုပ်ထားသလား ထင်ရပါတယ် ။  ဆော့ဝဲတော့ ရှိပြီ   ခက်တာက ချက်တင်လုပ်ပီး
အသံဖိုင်ပို့ ဖို့ က  ရည်းစားမရှိပဲဖြစ်နေတယ် ။..ကဲ....ကဲ.... လိုတဲ့သူ စမ်းသုံးချင်သူ
Google play ကယူ ။ ဖုန်းထဲ တန်းထည့်လို့ ရပါတယ် ။ ဖုန်းမှာ သုံးတဲ့အကောင့်နဲ့ 
ကွန်ပျုတာမှာ  သုံးတဲ့အကောင့်  တူနေရင်  ကတ်မဖြုတ်ပဲ  ကွန်ပျုတာနဲ့  မချိတ်ပဲ
ချက်ချင်းဝင်ပါတယ် ။ဖုန်းမှာ အင်တာနက်သာ  ဖွင့်ထားပြီး နှိပ်လိုက် ။  ဖုန်းထဲကို
ဝင်လာပါလိမ့်မယ် ။ မရရင် မေးကတောင်း ဆော့ဝဲတော့ ပို့ လို့ ရတယ် ချစ်သူက
ပို့ လို့ မရဘူး ..ကိုယ့်မှာလည်း မရှိလို့ ပါ နော..း)..............................................။
ဒီလင့်မှာယူပါ - https://play.google.com/wechat video chatting and messager
Google play ကမရရင် ဒီမှာယူ - http://fiandroidmarket.blogspot.com.
No comments:
Post a Comment
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ