မင်္ဂလာပါဗျာ အောင်ကျော်အိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

မြတ်စွာဘုရားပုံတော်လေး

Photobucket
aungkyaweain.blogspot.com သည် မြတ်စွာဘုရား၏အရိပ်အောက်တွင်ရှိသောကြောင့်ရောက်လာသူအပေါင်းကျန်းမာချမ်းသာကျပါစေ

Monday, November 19, 2012

♥ ချစ်သူများအတွက် စိတ်ဝင်စားစရာ ဗေဒင်လေးပါ ♥

ရောက်ရှိနေတဲ့ အသက်မှာ ချစ်သူနဲ့ ဆုံစည်းခြင်းရှိ၊ မရှိ သိခြင်ရင်တော့ နည်းလမ်းလေးတခု တင်ပြလိုက်ပါတယ်နော်။ ဒီနည်းလမ်းလေးကတော့ လွယ်ပါတယ်။ ရောက်နေတဲ့ အသက်ရယ်၊ လက်ထက်ကြမယ့် ချစ်သူနှစ်ဦးက ဘာနေ့ သားသမီးတွေလဲဆိုတာ သိရင် တွက်လို့ ရပါပြီ...။
ဆိုကြပါစို့ ...



အသက် ( ၃၄ ) နှစ်ရှိတဲ့ ကြာသပတေးသမီး အပျိုကြီးဆီမှာ တနလာင်္သားချစ်သူ ရှိတယ်ပေါ့...။ ဒီအသက်ထဲမှာ အိမ်ထောင်ကျကိန်း ရှိ၊ မရှိ သိချင်ရင်တော့...။ သိလိုတဲ့ အသက်ကိုတည် အမျိုးသမီးရဲ့ မွေးနံနဲ့ ပေါင်း ရတဲ့အဖြေကို အမျိုးသားရဲ့ မွေးနံနဲ့ ထပ်ပေါင်း အားလုံးပေါင်းလို့ ရတဲ့ ရလဒ်ကို ( ၈ ) နဲ့ စားပါ...။
ဥပမာ -
အမျိုးသမီးရဲ့ အသက် = ၃၄
မွေးနံ ကြာသပတေး = ၅
အမျိုးသားရဲ့ မွေးနံ တနလာင်္ = ၂
အားလုံးပေါင်းလဒ် = ၃၄ + ၅ + ၂ = ၄၁
အဖြေကို ( ၈ ) နဲ့ စား = ၄၁ ÷ ၈ = ၁ အကြွင်း
အကြွင်း ( ၁၊ ၃၊ ၅၊ ဝ ) ဆိုရင်တော့ ... မဖြစ်နိုင်သေးပါဘူး။ အစီအစဉ်လေးတွေကို နောက်ရွှေ့ ရပါမယ်။ နှစ်ဦးချစ်သူ ဘဝမှာပဲ တင်းတိမ်ကြပါဦးတဲ့။ နှစ်ဦးကြားမှာရှိနေတဲ့ အဖုအထစ်လေးတွေကို ဖြေရှင်းပြီးမှ လက်ထပ်ဖို့ စီစဉ်ကြပါတဲ့။ နှစ်ဦးကြားမှာ ဘေးစကား အနှောက်အယှက်လေးတွေ ဝင်နေပါသေးတယ်။ စီစဉ်ထားတာတွေ ပျက်တက်ပါတယ်တဲ့ သူငယ်ချင်းတို့ ရေ...။
အကြွင်း ( ၂၊ ၄၊ ၆ ) ရရင်တော့ ... “ ငါတော့ လူပျိုဘဝ ကျွတ်ပြီ ” လို့ သာအော်လိုက်ပါ။ ဘယ်သို့ သော အနှောင့်အယှက်မှ နှစ်ဦးကြား မဝင်နိုင်တော့ဘူးနော်။ ရက်ကောင်းရက်မြတ်သာ ရွေးလိုက်ပါတော့လို့ အကြံပြုလိုက်ပါရစေ...။
တခုတော့ပြောလိုက်ပါရစေ ... မိန်းကလေးဖြစ်ရင်တော့ မိန်းကလေးရဲ့ အသက်ကိုယူပြီး၊ ယောကျာင်္းလေး ဖြစ်ရင်တော့ ယောကျာင်္းလေး အသက်ကိုယူပြီး တွက်ကြည့်ကြပါလို့ .... ။
သာယာသောဘဝခရီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ .....

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ