ကောင်းကင်ကိုမျော် မိုးကိုခေါ်သူ
ရှူးမိုက်တယ်လိုထင်ချင်ထင်စေတာ…………
လမင်းကိုလှမ်း
ကြည်ကိုတမ်းလို
ပန်းသီချင်းတွေကြွေကျမလာပါဘူး
လမင်းလည်း
သူကံနဲ့သူ
ကြယ်တွေလည်း
သူခရီးနဲ့သူလေ
ဖားလေးရေ….
မင်းအော်ရင်
မိုးရွာမယ်ထင်ပြီး သံကုန်ဟစ်မနေနဲ့………
မင်းဘဝ
မင်းခရီးက
သူတိုတွေလိုမဟုတ်ဘူး
အသံကိုတိတ်
ခေါင်းကိုညိတ်ပြီး
ခပ်ဆိတ်ဆိတ်သာနေပါတော…………
မိုးနဲ့မြေကြီးဆိုတာ………
တစ်ကယ့် တစ်ကယ်က
အဝေးကြီးပါ…………..
No comments:
Post a Comment