မင်္ဂလာပါဗျာ အောင်ကျော်အိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

မြတ်စွာဘုရားပုံတော်လေး

Photobucket
aungkyaweain.blogspot.com သည် မြတ်စွာဘုရား၏အရိပ်အောက်တွင်ရှိသောကြောင့်ရောက်လာသူအပေါင်းကျန်းမာချမ်းသာကျပါစေ

Wednesday, November 21, 2012

အောင်ပန်းတွင် (၃) တန်းကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံး



အောင်ပန်းတွင် (၃) တန်းကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံး

21/11/2012
ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့နယ် ဇောတိကလေးရွာတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ ညနေပိုင်းတွင်
ကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံးသွားကြောင်း သိရပါတယ်။


အောင်ပန်းမြို့ ဇောတိကလေးရွာမှ ဒေသခံတစ်ဦးမှ သတင်းပေးခဲ့တဲ့အတွက် အောင်ပန်းရဲစခန်းမှတာဝန်ရှိသူ
တွေက သွားရောက် စစ်ဆေးခဲ့ပြီး ကလေးငယ်အလောင်းကို အောင်ပန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ပေးခဲ့ ပါတယ်။



ဇောတိကလေးရွာမှ ဦးဟန်သိန်းမှ `` ကျွန်တော်အလုပ်က ပြန်လာတုန်း လဲနေတဲ့ ဓါတ်တိုင်နားမှာ   ကလေး
တစ်ယောက် သေ ဆုံးနေတာတွေ့ပါတယ်။ ကျွန်တော် အနားကိုကပ်ပြီး သွားကြည့်တော့ ကလေး က အသက်
မရှိတော့ဘူး။ ကျောင်းသားဝတ်စုံနဲ့ လွယ်အိတ်လေးပါ တွေ့ရတယ်။ ကလေးရဲ့ ယာ ဘက်ပေါင် နဲ့     ၀ဲဘက်
လက်တွေမှာ စုတ်ပြဲဒဏ်ရာတွေနဲ့ ဓါတ်လိုက်သေဆုံးနေတာ ဖြစ်ပါတယ်။ ကျွန်တော် လည်း ချက်ခြင်း ရဲစခန်း
ကို အကြောင်းကြား သတင်းပေးခဲ့ပါတယ်။ ကလေးရဲ့ဖခင် က တော့ ဇောတိကလေးရွာမှ ဦးဇော် ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကလေးကို နမူနာယူပြီး မိဘတွေ အနေနဲ့ ကလေးငယ်တွေကျောင်းသွား၊ ကျောင်းပြန် တွေကို
လူကြီးတစ်ယောက်ယောက်မှ ကြို/ပို့ ပေးစေ ချင်ပါတယ်။ အခုလိုဖြစ်တော့ ကျွန်တော်တို့ တစ်ရွာလုံး   စိတ်မ
ကောင်းဖြစ်နေကြပါတယ်။ ကလေးရဲ့ မိဘတွေဆိုရင် ဘယ်လောက်တောင်   ခံစားရမလဲဆိုတာ      အားလုံး
ကိုယ်ချင်းစာကြမှာပါလို့ ´´ ပြောပြသွားပါတယ်။

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ