မင်္ဂလာပါဗျာ အောင်ကျော်အိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

မြတ်စွာဘုရားပုံတော်လေး

Photobucket
aungkyaweain.blogspot.com သည် မြတ်စွာဘုရား၏အရိပ်အောက်တွင်ရှိသောကြောင့်ရောက်လာသူအပေါင်းကျန်းမာချမ်းသာကျပါစေ

Friday, November 2, 2012

သီးသန့်ပုဒ်မ


ခြောက်ဆယ်ဝပ်မီးသီးရဲ့
ဖျော့တောသာ အလင်းရောင်အောက်မှာ
မင်းအတွက်ဆိုပြီး ကဗျာတွေထိုင်ရေးဖူးပါရဲ့
ညှီစို့နံလှောင်နေတဲ့ အခန်းကျဉ်းလေးထဲမှာ
ကိုယ်သွေးကိုခြင်တွေထံပေးလှူရင်း
ရှူးရှူးမိုက်မိုက်တမ်းတဖူးပါရဲ့
ကားအကောင်းစားကြီးပေါ်က
မင်းပုံ၇ိပ်ကို
ထောင့်ကျကျစားပွဲမှာ ရေးနွေးကြမ်းသောက်ရင်း
နှလုံးသားထက်မှာ
မှတ်တမ်းတင်ဖူးပါရဲ့
တစ်ကယ်တောလေ ကွာဟမှုဆိုတဲ့စည်းဟာ
ရွှေဘုံပေါ်က မင်းသမီးကို
ရှုးမိုက်စွာ စွဲလန်းချင်တဲ့
လမ်းဘေးနှစ်လုံးသားတွေအတွက်
သီးသန့်ချမှတ်ထားတဲ့ ပုဒ်မတစ်ခုပါ……………………

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ