မင်္ဂလာပါဗျာ အောင်ကျော်အိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

မြတ်စွာဘုရားပုံတော်လေး

Photobucket
aungkyaweain.blogspot.com သည် မြတ်စွာဘုရား၏အရိပ်အောက်တွင်ရှိသောကြောင့်ရောက်လာသူအပေါင်းကျန်းမာချမ်းသာကျပါစေ

Monday, November 19, 2012

အချစ်ဗေဒင်တွက်ပေးတဲ့ software

ခေါင်းစဉ်ဖတ်ပြီး စိတ်ဝင်စားနေကြပြီထင်တယ်ဗျ။ တကယ်လဲစိတ်ဝင်စားစရာကောင်းပါတယ်။ထူးထူးဆန်းဆန်းလေးတွေရရင် စိတ်ထဲမှာ ကျတော့် အဖွဲ့ထဲက သူငယ်ချင်းတွေကိုပဲပြေးပြေးမြင်နေမိတာ။ ကျွန်တော်ဗေဒင်ဆရာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဗေဒင်တွက်ပေးနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ အချစ်ဗေဒင်ဆိုတဲ့ software လေးတစ်ခု
ရထားလို့ ပါဗျာ။ အဲဒီ software လေးမှာ propose အလုပ်ခံရတဲ့မိန်းကလေးတွေ
သူတကယ်ချစ်တာလားဆိုတာ တွက်ကြည့်နိုင်တယ်။ ယောက်ျားလေးတွေ.
ဘယ်လိုမိန်းမမျိုး ရနိုင်တယ်တွက်ကြည့်နိုင်တယ်။ ချစ်သူနှစ်ဦး လက်ထပ်ဖို့ 
အခြေအနေ၊ ကိုယ့်အချစ်ကိုဘယ်နတ်သားစောင့်နေတာလဲ။ ပြီးတော့ ကံကောင်းစေမဲ့
ယတြာလေးတွေ။

 နောက်ဆုံးပိယဆေး ကအစ ပါတယ်။ တွက်ရတာလဲလွယ်လွယ်လေးပါ။
ကိုယ့်နာမည် မွေးသက္ကရာဇ် စသည်ဖြင့် ဖြည့်ပေးရုံပါပဲ။ ဒီပရီုဂရမ်လေးကို မြန်မာ့ကွန်ပျူတာ
တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ဆရာစံဇာဏီဘိုရဲ့ နည်းနာနိသယတွေ အတိုင်း ရေးထားတာပါ။
တော်တော်များများတော့မှန်တယ်လို့ ပြောကြပါတယ်။ ကဲစိတ်ဝင်စားနေကြပြီလား။
အောက်မှာယူလိုက်ကြပါ။ သုံးရတာလွယ်လို့  မပြောပြတော့ဘူး။ အင်စတောလုပ်လိုက်ပါ။
ပြီးရင်မြန်မာလိုတွေချည်းပဲမို့ အဆင်ပြေမှာပါ။ ချွင်းချက်တစ်ခုကတော့ သူ့ မှာ မွေးနေ့ ကို
အင်္ဂလိပ်လိုဖြည့်ပါလို့ ရေးထားပေမဲ့ မြန်မာလိုဖြည့်မှ အဆင်ပြေပါတယ်။ သုံးကြည့်လိုက်ပါ။သူငယ်ချင်းများကြိုက်ကြမယ်လိုထင်ပါတယ်..အောက်ပါ link မှာ download လုပ်ပါ။ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..။
http://api.ning.com/files/qgiW4XOQaL8Mlvw1Hrx1HU56Z0QoGtxvZ4arL5elG...
http://api.ning.com/files/qgiW4XOQaL8Mlvw1Hrx1HU56Z0QoGtxvZ4arL5elG...
api.ning.com

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ