မင်္ဂလာပါဗျာ အောင်ကျော်အိမ်လေးမှ ကြိုဆိုပါတယ် ဒီကနေ့ဟာပျော်ရွှင်စရာနေ့လေးဖြစ်ပါလို့ဆုတောင်းလိုက်ပါတယ်

မြတ်စွာဘုရားပုံတော်လေး

Photobucket
aungkyaweain.blogspot.com သည် မြတ်စွာဘုရား၏အရိပ်အောက်တွင်ရှိသောကြောင့်ရောက်လာသူအပေါင်းကျန်းမာချမ်းသာကျပါစေ

Monday, November 19, 2012

အင်္ဂါရုပ်ဖတ်နည်း..ယောက်ကျားလေးများအတွက်

ကျွန်တော် သိထားတတ်ထားတဲ့  မိန်းကလေးများရဲ့အင်္ဂါရုပ် ဖတ်နည်းကိုကျွန်တော် ပြန်လည်ပြုစုပေးလိုက်ပါတယ်.. အထူးသဖြင့်လူရွှေး မှန်စေရန်၊ တစ်ချို့သော ရိုင်းမယ်ထင်တဲ့ အချက်များကိုတော့ ကျွန်တော် မတင်ပြတော့ပါ။ ဒီလောက်နဲ့လုံလောက်ပြီလို့ထင်ပါသည်။ အဆင်ပြေနိုင်ကြပါစေနော်*
၁။အကြင်မိန်းမ… မျက်လုံးကြီးအံ့- အသက်ရှည်၍စီးဟွားဥစ်စာ ပွါးစေသည်။
၂။ အကြင်မိန်းမ…ညိုသော၊နူးညံ့သော ဆံပင်ရှိ၏။အလွန်ရှည်သော မျက်နှာရှိ၏။
                      မျက်ခုံးနှစ်ဖက်ခါးစောင်နှစ်ဖက်တို့သည် ပြေပြစ်၏။ ချမ်းသာ၏။
၃။အကြင်မိန်းမ….. ရွေအဆင်းနှင့်တူသောအဆင်း။ ကြည်ညိုလှသောမျက်စိ၊ ကြည့်ရှုဟန်တင့်တယ်၏။
                        ကိုယ်ရည်လဲပြေပြစ်၏။ပဒုမ်မာကြာကဲ့သို့ စိမ်းသော မကျင်းသောမျက်လုံးရှိ၏။
                          သားသမီးကောင်းများေ



မွးဖွားပေးတတ်သော မိန်းမ။
၎။ အကြင်မိန်းမ….လက်ဖ၀ါးပြင်၌ ရေပြည်းအိုးသည်၎င်း၊ပဒုမ်မာ ကြာပန်းသည်၎င်း ၊
                        ထိုမိန်းမသည် မိဖုရားဖြစ်၏.. သားမြေးမြစ်တုင်အောင် ကောင်းစား၏။
၅။အကြင်မိန်းမ….. နဖူးပြင်၌ ပရမေသွာနတ်မင်း၌ ရှိသောတံကျင်သုံးချောင်းရှိ၏။
                          ထိုမိန်းမသည် မိန်းမအပေါင်း ၏ရှင်ဘုရင်ဖြစ်၍ မိဖုရားခေါင်ဖြစ်တတ်သည်။
၆။အကြင်မိန်းမ….. နဖူး၌ မဲကြောင်း အဆင်းရှိသော တံကျင်သုံးချောင်းရှိ၏။
                        ထိုမိန်းမသည် သားးငါးယောက်မွေး၍ ဥစ်စာ ပြည့်စုံမည်။
၇။ အကြင်မိန်းမ…ဲ (ကတော့ပါခင်ဗျာရိုင်းသွားရင်) လက်ဝဲနို့၌၄င်း၊ နား၌ ၄င်း၊ လည်၌၄င်း၊ မှဲ့ရှိလျှင်
                        ထိုမိန်းမသည် ချမ်းသာခြင်းကိုဖြစ်စေသည်။
၈။ အကြင်မိန်းမ....ညှင်းသောအသံရှိ၏။ ထိုမိန်းမသည် ဥစ်စာ ကြွယ်ဝသည်။
၉။အကြင်မိန်းမ….ခြေနင်းသံပျင်း၍ မြေကြီးကိုတုန်ခြင်းရှိ၏။ (ယုတ်မာ၏။)
                         ထိုမိန်းမသည် မုဆိုးမ ဖြစ်တတ်သောမိန်းမ…(လင်သေ၏။)
၁၀။အကြင်မိန်းမ..ဟင်္သာပါးစောင်ကဲ့ သို့ ပါးစောင်ရှိ၏။(ထိုမိန်းမလင်ငယ်နေ၏။)
၁၁။အကြင်မိန်းမ….၏ခြေသန်းကြွယ်သည် မြေနှင့်မထိ၊ လင်သေ၏။
                           (နောက်လင် နေသော် ပထမလင်ကဲ့သို့ ချမ်းသာချင်းမရှိ)

၁၂။အကြင်မိန်းမ………ရှပ်တိုက်သွား၏။ ပေါင်ကိုစု၍ စု၍သွား၏။
                              ထိုမိန်းမမျိုးသည် မင်းမျိုးဖြစ်သော်လည်း ကျွန်မ ဖြစ်မည်။

၁၃။အကြင်မိန်းမသည်…. များသောကိုယ်မွှေး ဦးခေါင်း၌ ရောက်သောဆံရှိ၏ သွားခေါ၏။
                                 ထိုမိန်းမသည် လင်ရင်းကိုမအောက်မေ့ မကောင်းကျင့်လျှက်ရှိသည်။
၁၄။ အကြင်မိန်းမ……..ရှည်သောလက်ချောင်းရှိ၏။ ထိုမိန်းမသည် ယောကျာ်းကို ဘေးကင်းစေသည်။

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ