တိုးတိတ်တဲ့ည လမ်းမီးများရဲ့အောက်မှာ
လေပြည်ကို
အဖော်ပြုလေညှင်းကို စစ်ကူတောင်းရင်း
မတမ်းချင်းလေးတွေ ဆိုဖူးတာပေါ့…………
ဆောင်းနှင်းတွေ ချမ်းအေးတဲ့မြေမှာ
အရုဏ်မလင်းအမှောင်တွင်၌
မ အတွက်ပန်းတွေပိုဖူးတာပေါ့………..
တက္ကသိုလ်သွားတဲ့ မမ ဘေးမှာ
အဖြူ ၊ အစိမ်းဝတ်စုံလေးနဲ့
ချစ်ခွင့်ပန်တဲ့ ကျွန်တော်ကို
ညှာတာကင်းစွာ ဂရုမစိုက်ခဲ့သည်မ
အဲလက်စ်လိုပဲ ငယ်သေးတဲ့အချစ်မို မလေးစားတာလား
တက္ကသိုလ်ရောက်တော ထပ်ပြီးပြောတယ်
ကျောင်းပြီးသွားရင် အဖြေပေးမယ်
လက်ချိတ်သွားတဲ့ မ တို့ အတွဲကို
တွေတဲ့ခဏ
ဒီဒေသမှာပင် ကျွန်တော်အသည်းကို
မြေမြုပ်လိုက်ပါပြီး မမ
မမ
ပျော်ရွှင်ကြည်လင်တော့နော်…………..
ဒါပေမဲ့ပေါ့ မရယ်
ငယ်ဆူးလိုပဲ နေတိုင်းတော စောင်နေဆဲပါ…………………..
No comments:
Post a Comment